Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံ၌ သမဝါယမအသင်းအမှုဆောင်များနှင့်အသင်းဝန်ထမ်းများအတွက် အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဖွင့်


02 Aug,2026

ဘားအံ ဩဂုတ် ၂

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်သမဝါယမဦးစီးဌာနက ဘားအံမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား သမဝါယမသဘောတရားများကို သိရှိနားလည်ပြီး လုပ်ငန်းများကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇူလိုင်လ ၃၁ ရက်နေ့က အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းကို ဘားအံမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

 သင်တန်းဖွင့်ပွဲတွင် ဘားအံမြို့နယ်သမဝါယမဦစီးဌာန ဦးစီးအရာရှိ ဒေါ်မျိုးမျိုးထွေးက ယခုသင်တန်းတွင် အသင်း၏စာရင်းဇယားများကို စနစ်တကျရေးဆွဲနိုင်ရန်နှင့် အသင်းလုပ်ငန်းများ ပိုမိုထိရောက်မှန်ကန်စွာ စီမံခန့်ခွဲနိုင်စေရန်အတွက် သင်တန်းသားများအနေဖြင့် လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရန် ကြိုးစားလေ့လာဆည်းပူးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 အဆိုပါသင်တန်းသို့ ဘားအံမြို့‌နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အသင်းအမှုဆောင် များနှင့် အသင်းဝန်ထမ်းများ စုစုပေါင်း(၄၀) တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လ ၄ ရက်အထိ ၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်