Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချ


03 Aug,2026

ဇူလိုင် ၃၀၊၂၀၂၆။
-----------
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် ပြည်ထောင်စုဝန်ကြီးရုံး၏ လမ်းညွှန်မှုဖြင့် ဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ ရုံးလုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်၊ သင်ခန်းစာများအား တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများဆွေးနွေးပို့ချခြင်းကို (၃၀-၇-၂၀၂၆) ရက်နေ့၊ နေ့လည် (၁းဝဝ)နာရီ အချိန်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိုးသန်း၊ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာန(၁၁) ဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် မဟာတန်း ကျောင်းသား၊ ကျောင်းသူအင်အား (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲကို သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်မှ “သမဝါယမသမိုင်းနှင့် လက်ရှိသမဝါယမလှုပ်ရှားမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းမှ “ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပို့ချခဲ့ကြပြီး ပို့ချရခြင်းရည်ရွယ်ချက်မှာ ပြည်ထောင်စုဝန်ကြီးရုံး၏ လမ်းညွှန်မှုဖြင့် ဤတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် နှင့် မဟာတန်းသင်တန်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်၊ ရုံးလုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက် သင်ခန်းစာများကို ရှင်းလင်းသိရှိ နားလည်စေရန်၊ လက်တွေ့ လုပ်ငန်းခွင်နှင့်ချိတ်ဆက်လေ့လာနိုင်ရန် ရည်ရွယ်၍ Power Point များ ဖြင့် ဆွေးနွေး ဟောပြောခဲ့ခြင်း ဖြစ်သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အခမ်းအနားကို ညနေ (၄း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်