Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


02 Aug,2026

နေပြည်တော် ဩဂုတ် ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာမြို့၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်း ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံအပ်ချုပ်စက်သင်တန်းမှ သင်တန်းသူများအား တွေ့ဆုံ အားပေးရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးမှုများကို စနစ်တကျ လေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ သင်တန်းနည်း ပြများကလည်း အခြေခံမှသည် ခေတ်မီပြီး ဆန်းသစ်သော ချုပ်လုပ်နည်းများကို တီထွင်ကြံဆ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် သင်တန်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ ဟဲယာရွာမကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာသူကျေးရွာသားများ နှင့်တွေ့ဆုံရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဟဲယာရွာမကျေးရွာအပါအဝင် ကျေးရွာပေါင်း(၁၅)ရွာ စုပေါင်းရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှု နှင့် အင်းလေးဒေသတွင်းရှိ ငလျင်ဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ Bio Septic Tank များပြောင်းလဲသုံးစွဲနေမှုအခြေအနေများ ဆောင်ရွက်ထားရှိမှု အခြေအနေ အားလည်းကောင်း၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက ဟဲယာရွာမကျေးရွာ အဝင်လမ်း ဖောက်လုပ်ထားမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နေပါကြောင်း၊ ဒေသခံ တောင်သူများ အနေဖြင့်လည်း စနစ်တကျစိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ စုပေါင်းရေရှိရေးလုပ်ငန်းများကို စနစ် တကျ ကော်မတီဖွဲ့စည်းပြုပြင်ထိန်းသိမ်းရန်လိုကြောင်း၊ အင်းလေးဒေသသဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး အမှိုက်များစနစ်တကျစွန့်ပစ်ရန်လိုအပ်ကြောင်း၊ကျန်းမာသန့်ရှင်းရေးအတွက် အိမ်သာသုံးစွဲရာ မှာလည်း စနစ်တကျစွန့်ပစ်ရန် တိုက်ရိုက်စွန့်ပစ်ခြင်းအစား ပိုမိုကောင်းမွန် သောစနစ် Bio Spetic Tank များသုံးစွဲရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးနေ ပါကြောင်း၊ အိမ်ထောင်စုတစ်စုခြင်းမှ ကျေးရွာတစ်ခုခြင်း ပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပြီး အင်းလေးကန်ရေရှည် ထိန်းသိမ်းနိုင်မှာ ဖြစ်ကြာင်း၊ ဌာနအားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညောင်ရွှေမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူးထောင်ရေးစီမံကိန်း(Smart Village) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအတွက် စီမံကိန်းထောက်ပံ့ ရန်ပုံငွေ များအား ကျေးရွာကော်မတီဝင်များထံ အသီးသီးလွှဲပြောင်း ပေးအပ်ပြီး ကျေးရွာ(၁၅)ရွာ ရေးရရှိရေး လုပ်ငန်းပိုက်လိုင်းသွယ်တန်းထားမှုနှင့် တောင်ခြေရေထွက်တို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်