Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ် (အ.မ.က) ပညာရေးဝန်ထမ်းများ ငွေပဒေသာငွေစုငွေချေးသမဝါယအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


02 Aug,2026

ကျောက်တန်း ဩဂုတ် ၂

 ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် (အ.မ.က) ပညာရေးဝန်ထမ်းများ ငွေပဒေသာငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အ.မ.က (စံချိန်မီ) စာသင်ကျောင်းတွင် ကျင်းပခဲ့သည်။

 ဦးစွာ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်း၏ ဆောင်ရွက်ချက်နှင့် အောင်မြင်မှုများအား ရှင်းလင်းတင်ပြ၍ မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်မှ အသင်း၏ဆောင်ရွက်ချက်များအား သုံးသပ်ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသင်းသားများအားအစုပေါ် အမြတ်နှင့် စုဆောင်းငွေပေါ် အတိုးများပေးအပ်ခဲ့ပြီး နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်