ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Advance Excel သင်တန်းဖွင့်ပွဲကျင်းပ
************************************************************************
မြောင်းမြ ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်း များ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး Advance Excel သင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၃ ရက်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက လုပ်ငန်း/စီမံကိန်းဆိုင်ရာကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေး ညီ ပိုမိုထိရောက်အောင်မြင်၍ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်တတ်လာစေခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Advance Excel သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များနှင့် သင်တန်းသူ သင်တန်းသားများ လိုက်နာရန် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဩဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ သင်တန်းကာလ ၁၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြောင်းမြခရိုင်ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ သင်တန်းသူ သင်တန်းသား ၁၆ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်