ရေဖြူမြို့နယ် ဗျိုက်ကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်း စစ်ဆေး
************************************************************************
ရေဖြူ ဩဂုတ် ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်-၆ (SDG-6)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် ဗျိုက်ကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရန် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် တင်ဒါရကုမ္ပဏီမှတာဝန်ရှိသူများက ကျေးရွာသောက်သုံးရေရရှိရေး ကော်မတီဝင်များနှင့် ကျေးရွာသူ ကျေးရွာသားများအား တွေ့ဆုံ၌ ဗျိုက်ကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း လက်ရှိရေသုံးစွဲမှု အခြေအနေ၊ ရေအရင်းအမြစ်ရရှိနိုင်မှုအခြေအနေနှင့် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းမည့် လမ်းကြောင်းအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုငွေကျပ် သန်း ၁၁၀ ဖြင့် Nice Generation ကုမ္ပဏီက တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာသူ ကျေးရွာသူများအတွက် ရာသီမရွေး သောက်သုံးရေလုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်