နေပြည်တော် ဩဂုတ် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူ များ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 အောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသူများအား ဆုချီးမြှင့် ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ဆုရကျောင်းသားကျောင်းသူများနှင့် မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့အခမ်းအနားသည် သာမန်ဂုဏ်ပြုပွဲ တစ်ခုမဟုတ်ဘဲ အောင်မြင်မှုများသာမက အားထုတ်ကြိုးစားမှု၊ စိတ်ရှည်သီးခံမှု၊ အချိန်ကို တန်ဖိုး ထား အသုံးချနိုင်မှုတို့ကို ထင်ဟပ်ပြသသည့် နေ့ပင်ဖြစ်ပါကြောင်း၊ Grade-12 ကို ထူးချွန်စွာ အောင်မြင်ခဲ့သူများသာမက အနာဂတ်တွင် တက္ကသိုလ်အသီးသီးသို့ ဆက်လက်တက်ရောက်မည့် နိုင်ငံတော်အတွက် အလားအလာရှိ လူငယ်များ ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးချင်း ၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ ပံ့ပိုးမှု၊ ဆရာဆရာမများ၏ လမ်းညွှန်မှုနှင့် မိမိကိုယ်တိုင် စည်းကမ်းရှိမှုတို့ကြောင့် အောင်မြင်မှုကို ရရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ယခုကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ယူပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ အထူးအလေး ထားပြီး အားပေးနေတာကို မိဘများနှင့် ကျောင်းသားကျောင်းသူများကို အသိပေးလိုပါကြောင်း၊
အနာဂတ်တွင် တက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများ အနေဖြင့် မိမိရွေးချယ်သော ဘာသာရပ်တွင် ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားရန်၊ စိတ်ဓာတ် ကောင်း စည်းကမ်းကောင်းသူဖြစ်အောင် ထိန်းသိမ်းရန်၊ မိမိအောင်မြင်မှုကို လူ့အသိုင်းအဝိုင်းနှင့် နိုင်ငံတော်အတွက် ပြန်လည်ပေးဆပ်နိုင်သူများဖြစ်အောင် အားပေးပြောကြားလိုပါကြောင်း၊ ယနေ့ အောင်မြင်မှုရ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိကိုယ်ကိုယ် ဂုဏ်ယူတတ်စေရန်နှင့် အောင်မြင်မှုကို ရပ်တန့်မနေဘဲ ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များက (၆) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၈) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၈) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၂) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၂၁) ဦးတို့အတွက် ဂုဏ်ထူးရ (၁)ဘာသာလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ရိုးရိုးအောင် ကျောင်းသားကျောင်းသူများ အတွက် တစ်ဦးလျှင်ငွေကျပ် (၅) သောင်းနှုန်းဖြင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးချီးမြှင့် ပေးအပ်ရာ ကျောင်းသားကျောင်းသူများက လက်ခံရယူခဲ့ကြပြီး ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်း ရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်