Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး


06 Aug,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ဆွေးနွေးပို့ချမှု အခမ်းအနားကို (၅.၈.၂၀၂၆)ရက်၊ မွန်းလွဲ (၁)နာရီတွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ Sea Lion CLL Group မှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် တတိယနှစ်၊ စတုတ္ထနှစ်၊ မဟာတန်း ကျောင်းသား၊ ကျောင်းသူအင်အား(၇၄၄)ဦး တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ဒေါ်မေစံပယ်ဝင်း (Group Chief People & Culture Officer)နှင့် ဦးတင့်ထွန်းအံ့ (People & Culture Manager)တို့မှ Sea Lion CLL Group ၏ အဖွဲ့အစည်းဆိုင်ရာနောက်ခံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊တန်ဖိုးထားမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ၊ ဝန်ထမ်းများအတွက် ပံ့ပိုးပေးမှုများ၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို သိရှိစေရန်နှင့် ပါဝင်သူများအနေဖြင့် အဖွဲ့အစည်း အတွင်းရှိ အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို နားလည်စေရန်ရည်ရွယ်၍ Power Point များဖြင့် ဆွေးနွေးဟောပြောခဲ့ခြင်း ဖြစ်သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းသည့်အပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မွန်းလွဲ ၂နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်