ပြင်ဦးလွင် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မေရှိုးမန်း သယ်ယူပို့ဆောင်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅–၂၀၂၆ ခုနှစ်၊ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး၊ အမှုဆောင် ဒါရိုက်တာအဖွဲ့ အသစ်ရွေးချယ်တင်မြှောက်ပွဲနှင့်ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ရပ်ကွက်ကြီး ( ၂ )၊ မြမာလာဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မေရှိုးမန်း သယ်ယူပို့ဆောင်ရေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးဗိုလ်ဝင်းမှ အသင်း၏ တစ်နှစ်တာဆောင်ရွက်ခဲ့သော ဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနိုင်မှ လမ်းညွှန် အမှာစကားပြောကြားခြင်း၊ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးရှင်းတမ်း များနှင့် အမြတ်ခွဲဝေမှု စာရင်းများအား ဖတ်ကြားတင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့် စာရင်းစစ်အစီရင်ခံစာအား အသင်းစာရင်းစစ်မှ ဖတ်ကြားတင်သွင်းခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းသားများထံမှ အတည်ပြုချက် ရယူခဲ့ကြ၍ တက်ရောက်လာသောအသင်းသားများမှ မိမိတို့သိရှိလိုသည်ကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သော အသင်းသူ/သားများ၏ သား/သမီးများအား ဂုဏ်ပြုငွေများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပြီးနောက် သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မေရှိုးမန်း သယ်ယူပို့ဆောင်ရေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်