Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး


11 Aug,2026

ရေနံချောင်းမြို့နယ် ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး

**********************************************
ရေနံချောင်း ဩဂုတ် ၁၁
         
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆားတိုင်ကျေးရွာအုပ်စု၊ ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်‌နေမှု အခြေအနေများကို ဩဂုတ် ၁၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အေးထွန်းမင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် လအလိုက်ဖြည့်သွင်းရမည့် စာရင်းဇယားများ ပြည့်စုံမှုရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
      အဆိုပါ ရုံးဆိပ်မြောက်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၁ဦးကို ငွေကျပ် ၂၅ ဒသမ ၈သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၁ဦးကို ငွေကျပ် ၁၈ ဒသမ ၁သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ငါးဦးကို ငွေကျပ် ၂ ဒသမ ၃သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၇ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၆ ဒသမ ၂သန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်