နေပြည်တော် ဩဂုတ် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ ဆုံခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက တက္ကသိုလ်၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ၊ ငလျင်ဒဏ်သင့် အဆောက် အဦများ ပြန်လည်ပြုပြင်နေမှုများ၊ ၂၀၂၆-၂၇ ပညာသင်နှစ်တွင် ကျောင်းသားသစ်များ လက်ခံမည့် အခြေအနေနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကို အားပေးမြှင့်တင် လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာနရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ် များ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများက အလေးထားလိုက်နာ ဆောင်ရွက်ကာ နိုင်ငံတော်အတွက် သမဝါယမစီးပွားရေးပညာတတ်များ မွေးထုတ်ပေးရန်၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ဒီပလိုမာသင်တန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများအား သတ်မှတ်အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရန်၊ လာမည့်ပညာသင်နှစ်တွင် တက်ရောက်မည့် ကျောင်း သားသစ်များ၏ နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငလျက်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းသား ဆောင်မှ ကျောင်းသားများအတွက် တက္ကသိုလ်အားကစားရုံတွင် နေရာချထားမှု ကြည့်ရှုစစ်ဆေးပြီး ဘတ်ဂျက် လျာထားဆောင်ရွက်ပေးရန်၊ ငလျင်ဒဏ်သင့် (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု၊ ရေဂါလံ (၆၀၀၀) ဆံ့ အမြင့်တင်ရေစင်သစ် တည်ဆောက်မည့်နေရာ၊ ဖူဆယ်ကွင်း၊ ယာယီဝန်ထမ်းအိမ်ရာ၊ ကွန်ပျူတာစာသင်ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ သွားရောက်ပြီး
ရက်ကန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးစွာကျောင်းအုပ်ကြီးမှ အိန္ဒိယ-မြန်မာချစ်ကြည် ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Rapier Shuttle Less Loom with Electronic Jacquard Head ရက်ကန်းစက်နှင့် ပတ်သက်ပြီးဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဒုတိယဝန်ကြီးမှ ကျောင်း၌တပ်ဆင်ထားသည့် Electronic Jacquard ရက်ကန်းစက်ဖြင့် ခေတ်မီ ဆန်းသစ်သောဒီဇိုင်းများ ဆန်းသစ်တီထွင်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေး၊ ရက်ကန်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ရာ ရက်ကန်းလုပ်ငန်းရှင်များမှ ယခုကျောင်း၌ တပ်ဆင်ထား သည့် Electronic Jacquard စက်မှာ ၎င်းတို့၏ အိမ်မက်ဖြစ်ပါကြောင်း၊ လက်ရှိ ဒေသတွင်း၌ အသုံးပြုနေသည့် ရက်ကန်းစက်များအနေဖြင့် ခေတ်နောက်ကျနေသည့်အတွက် အဆင့်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဒေသတွင်း၌ Jacquard ရက်ကန်းစင်အချို့ ရှိသော်လည်း Manual Jacquard များသာဖြစ်သည့်အတွက် ဆန်းသစ်သော ဒီဇိုင်းများရက်လုပ်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ဆောင်းဒါးရက်ကန်း သိပ္ပံရှိ Jacquard စက်ဟာ Computerized ဖြစ်သည့် အတွက် ဆန်းသစ်သောဒီဇိုင်းများကို ထုတ်လုပ်နိုင်ကြောင်း၊ သို့ရာတွင် စက်နှင့်ပတ်သက်သည့် နည်းပညာများ ထပ်မံလိုအပ်နေသည့်အတွက် ၎င်းတို့ဖက်မှ ပြည်ပပညာရှင်များနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးပြီး ဌာနဖက်မှလည်း လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဆွေးနွေး ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက စက်ရက်ကန်းရုံအတွင်းရှိ Electronic Jacquard ရက်ကန်း စက်အား ကြည့်ရှု့ပြီး စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတကာပြပွဲများတွင် ဝင်ရောက်ပြသနိုင်ရေး၊ ဒေသတွင်းရက်ကန်း လုပ်ငန်းရှင်များ ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ပညာရှင်များနှင့်ပူးပေါင်းကာ ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်ချုပ်နည်းပညာဌာနတွင် သင်တန်းပို့ချရာ၌ အသုံးပြု နေသည့် အပ်ချုက်စက်များကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ရွှေလွန်းပျံ ခန်းမ အသစ်ပြန်လည်တည်ဆောက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မြန်မာ့လက်မှုအနုပညာစင်တာ (MHC) သို့ သွား ရောက်၍ (၈) ခန်းတွဲ ဆိုင်ခန်း ဆောက်လုပ်မည့်နေရာကိုလည်းကောင်း၊ သီးနှံအခြောက်ခံရုံ (Solar Dome) ကိုလည်းကောင်း၊ မြန်မာ့လက်မှုအနုပညာစင်တာအတွင်း ခင်းကျင်းပြသထားသော မြန်မာ့ လက်မှုထည်းများနှင့် အဝတ်အထည်များကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမတွင် ဆရာဆရာမများ၊ ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာန အောက် တိုင်းအဆင့်၊ ခရိုင်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍လည်းကောင်း၊ ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံတွင် အမရပူရမြို့နယ်အတွင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍လည်းကောင်း၊ ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနရုံးတွင် ဝန်ကြီး ဌာနအောက် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍လည်းကောင်း စနစ်ကျသော သမဝါယမ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဖြစ်စေရေး၊ နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိသည့် စီမံကိန်း လုပ်ငန်းများအား ထိထိရောက်ရောက် အောင်မြင်အောင်ဆောင်ရွက်ရေး တိုက်တွန်းမှာကြားပြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်