Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကန်ကြီးထောင့်မြို့နယ်၌ တိုင်းဒေသကြီးဘက်ဂျက်ရန်ပုံငွေဖြင့် စုပေါင်းလယ်ယာဆောင်ရွက်သော တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ


13 Aug,2026

ကန်ကြီးထောင့် ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းဒေသကြီး ဘက်ဂျက် ရန်ပုံငွေဖြင့် စုပေါင်းလယ်ယာဆောင်ရွက်သော တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီး(စံပြ) ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက ဒေသအတွင်းနှင့် အနောက်စုကြီးကျေးရွာရှိ(သမဝါယမကဏ္ဍ) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား တင်ပြခဲ့ပြီး မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေး၊ လယ်တစ်ဧကအထွက်နှုန်းတိုးစေရေး၊ တောင်သူများ လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မိုးစပါးစိုက်ပျိုး ဆောင်ရွက်မည့် ပြည့်စုံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူ (၂၁) ဦး ထံသို့ ကျပ်သိန်း (၄၁၃.၃၃၂)နှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာသော တောင်သူများမှ တင်ပြဆွေးနွေးခဲ့ကြရာ ဒေသခံ တောင်သူများ၏ တင်ပြချက်အပေါ် တိုင်းဒေသကြီး သမဝါယမဦးစီးမှူးမှ သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်တကျလယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်း‌ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စုပေါင်းလယ်ယာဆောင်ရွက်မည့် အသင်းသားတောင်သူ(၂၁)ဦး တို့  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်