သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်း
************************************************************************
သန်လျင် ဩဂုတ် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ယက်စမ်းကျေးရွာအုပ်စု၊ ပျဉ်ထောင်ကျောင်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းကို ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်း က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ရန် ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သန်လျင်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်က စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးရွာသူ ကျေးရွာသားများ၏ တာဝန်ဝတ္တရားများ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၉ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်