Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ကျည်ကြီးကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


14 Aug,2026

ရေနံချောင်းမြို့နယ် ကျည်ကြီးကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

*********************************************
ရေနံချောင်း ဩဂုတ် ၁၄
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဝက်မစွတ်ကျေးရွာအုပ်စု၊ ကျည်ကြီးကျေးရွာ၌ ရေရရှိ‌ရေးလုပ်ငန်း ဆောင်ရွက်‌နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ ဦးဖြိုးသန့်ကိုနှင့် ဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရေရရှိ‌ရေးကော်မတီဝင်များနှင့်အတူ ကျည်ကြီးကျေးရွာ၌ ရေရရှိ‌ရေးလုပ်ငန်း ဆောင်ရွက်‌နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများအား သတ်မှတ်စံချိန်စံချိန်များနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
        ကျည်ကြီးကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်‌ဆောက်ခြင်း၊ 6.96KW ဆိုလာရေတင်စနစ်တပ်ဆင်ခြင်း၊ အရှည်ပေ ၁၂၀ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၈ ဒသမ ၃၇၆သန်းဖြင့် Zenith Creative Construction Co.Ltd; မှ ၂၀၂၆ခုနှစ်၊ ဇွန် စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်များ ၆၂ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
         အဆိုပါ ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ကျည်ကြီးကျေးရွာနေ ပြည်သူများအတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်