ထားဝယ်မြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ကျင်းပ
************************************************************************
ထားဝယ်၊ ဩဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ စနစ်တကျရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ကာလတို၊ ကာလလတ်နှင့် ကာလရှည် ဖွံ့ဖြိုးရေးစီမံကိန်းများကို ကာလအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ပထမ (၅) နှစ်စီမံကိန်း၊ ၂၀၃၁-၂၀၃၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်အထိ ဒုတိယ (၅) နှစ်စီမံကိန်းနှင့် ၂၀၃၆-၂၀၃၇ ဘဏ္ဍာရေးနှစ်မှ ၂၀၄၀-၂၀၄၁ ဘဏ္ဍာရေးနှစ်အထိ တတိယ (၅) နှစ်စီမံကိန်းတို့ကို သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ရေးဆွဲခဲ့သည်။
ထို့အပြင် ဒေသ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးရွေးချယ် လျာထားနိုင်ရေးနှင့် စီမံကိန်းများ အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုစန်းက ကုန်ထုတ်လမ်းများ လျာထားရာတွင် လမ်းအကျိုးပြုမည့် အိမ်ခြေ၊ လူဦးရေ၊ တောင်သူဦးရေနှင့် အကျိုးပြုစိုက်ပျိုးဧကများကို ထည့်သွင်းစဉ်းစား၍ လျာထားသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်ချိုချိုစန်း၊ သရက်ချောင်း မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်မျိုးထွန်း၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးကိုယ်စား ဦးစီးအရာရှိ(နည်းပညာ) ဦးရဲရင့်နိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်