Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထန်းတပင်မြို့နယ်အတွင်း လမ်းနှင့် တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


14 Aug,2026

ထန်းတပင် ဩဂုတ် ၁၃

         ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများကို ဩဂုတ် ၁၂ ရက်တွင် တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) တို့က ထန်းတပင်မြို့နယ်အတွင်း ဆောင်ရွက်သွားမည့် လမ်း၊ တံတားလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်