Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


14 Aug,2026

မြိတ် ဩဂုတ် ၁၃

            တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သန္တာကျွန်းကျေးရွာပတ်လမ်းတွင် ဆောင်ရွက်ပြီးနှင့် ဆက်လက်ဆောင်ရွက်မည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာပတ်လမ်း နှစ်မိုင်ရှိသည့် အနက် (၀/၄ ဒသမ ၉၃)မိုင်အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။

            ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်ရွက်ပြီးစီးခဲ့သော လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်