နေပြည်တော် ဩဂုတ် ၁၅
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆန်စပါးပြည်ပတင်ပို့ဇုန် (Rice Export Zone) များ တွင်ပါဝင်သည့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနား မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိ တက် (MAPCO Group) ၏ ဆန်စက်နှင့် ဖွဲနုဆီစက်နေရာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO Group) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အမှာစကားပြောကြားရာတွင် ပြည်ပ ဈေးကွက်လိုအပ်သည့် အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်နိုင်ရန်၊ တောင်သူများ၏ အထွက်နှုန်း နှင့် ဝင်ငွေတိုးတက်စေရန်၊ မြန်မာ့ဆန်တင်ပို့မှု တိုးမြှင့်ပြီး နိုင်ငံခြားဝင်ငွေရရှိစေရန်နှင့် စိုက်ပျိုးခြင်း မှစတင်ကာ ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်းအထိ စနစ်တကျချိတ်ဆက်နိုင်သော Value Chain ကို ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ဆန်စပါးတင်ပို့မှုဇုန် (Rice Export Zone) များ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးကလည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပုဂ္ဂလိကလုပ်ငန်းရှင် များက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ နိုင်ငံတော် အစိုးရက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမြေ ၁ ဧကလျှင် ငွေကျပ် ၂.၅ သိန်း ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ယခုအခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ ကျေးရွာ (၁၀) ရွာရှိ တောင်သူများအတွက် ငွေကျပ်သိန်းပေါင်း (၅၆၀၀) ကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်ကို အမိအရချိတ်ဆက်နိုင်ပြီး အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များကို ရှာဖွေ၍ စနစ်တကျစိုက်ပျိုးကာ တစ်ဧကအထွက်နှုန်း တိုးမြင့်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ စက်မှုနှင့် အသေးစား၊အငယ်စား၊အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောကြားကာ India Aditya Engineers Group မှ တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO Group) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးများနှင့် ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ က မြို့နယ် (၅) မြို့နယ်မှ ကျေးရွာ (၁၀) ရွာရှိ တောင်သူ (၅၂၂) ဦး၏ စိုက်ဧက (၂၈၀၀) အတွက် စိုက်ပျိုးစရိတ် ငွေကျပ်သိန်းပေါင်း (၅၆၀၀) ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက အစေ့ချစက် (Seeders) များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ဆန်စပါး ထုတ်လုပ်တင်ပို့ရောင်းချမှု နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက စက်ရုံပြခန်းများ၊ လယ်ယာသုံးကိရိယာပြခန်းများ၊ သွင်းအားစုပြခန်းများနှင့် တန် (၂၄၀) ဆန်စက် ပြန်လည်ပြုပြင်နေ မှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်