Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Advance Excel သင်တန်းဆင်း ပွဲကျင်းပ


17 Aug,2026

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Advance Excel သင်တန်းဆင်း ပွဲကျင်းပ

‎************************************************************************

‎မြောင်းမြ     ဩဂုတ်        ၁၇

‎‎ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံ့ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Advance Excel သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက လုပ်ငန်း/စီမံကိန်းဆိုင်ရာကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အချိန်နှင့်တစ်ပြေးညီ ပိုမိုထိရောက်အောင်မြင်၍ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်တတ် လာစေခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်အတွက် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး Advance Excel သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး ဆုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါသင်တန်းကို ဩဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ သင်တန်းကာလ ၁၂ ရက်ကြာ သင်ကြားပို့ချသွားခဲ့ခြင်းဖြစ်ပြီး မြောင်းမြခရိုင်ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ သင်တန်းသူ သင်တန်းသား ၁၆ ဦး တက်ရောက်သင်ယူခဲ့ကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်