မြိတ် ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် မြိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းဖြစ်သော တောင်ကြီး- တောင်ဖီလာလမ်း(၀/၃)မိုင်ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် စန္ဒဝတ်-ဗိုလ်တောင်-ရွာသစ် လမ်း(၁/၄)မိုင်ကို ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လမ်းဘေးဝဲ၊ ယာ အမာခံလမ်းပခုံးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စန္ဒဝတ်-ဗိုလ်တောင်-ရွာသစ်လမ်းပေါ်တွင် တိုင်းဒေသကြီး ပြင်ထိန်းရန်ပုံငွေဖြင့် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကျေးလက်လမ်း/တံတားလုပ်ငန်းများ စစ်ဆေးရာတွင် လုပ်ငန်းများ၏ အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်