တနိုင်း ဩဂုတ် ၁၁
ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အေးသုခကျေးရွာလမ်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အောင်စိုးမိုးကျေးရွာလမ်း ပျက်စီးနေသောလမ်းပိုင်းကို သဲကျောက်ဖြင့် အမာခံလမ်းပြုပြင်ခြင်း၊ လမုန်ကျေးရွာလမ်းသွယ်(၁) ပျက်စီးနေသော လမ်းပိုင်းကို သဲကျောက်ဖြင့် အမာခံပြုပြင်ခြင်း၊ တရုံကျေးရွာလမ်း ပျက်စီးနေသောလမ်းပိုင်းကို သဲကျောက်ဖြင့် အမာခံလမ်းပြုပြင်ခြင်းနှင့် နန်ဗျူချောင်းတစ်ဖက်ကမ်း လမ်း(မြို့ပတ်လမ်းမှ နန်ဗျူကျေးရွာသွားလမ်း)ကြား ပျက်စီးနေသောလမ်းပိုင်းကို သဲကျောက်ဖြင့် အမာခံလမ်းပြုပြင်ခြင်း ဆောင်ရွက်မည့် နေရာများအား ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျုံးလျန်ဗွိုင်းသည် တနိုင်းမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးမင်းဆွေအောင်နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မနောမြေ(တနိုင်း)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်