မိုင်းဆတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် မယ်ကော်(၁) ကျေးရွာသွားလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ မိုင်းဆတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်နှင့် တာဝန်ရှိသူများက မယ်ကော်(၁)ကျေးရွာ လမ်းအရှည် (၀/၄.၅)မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်