Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တာမွေမြို့နယ်ရှိ ပဒေသာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပ


17 Aug,2026

တာမွေ ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ပဒေသာရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှု ဆောင်သစ်ရွေးချယ်ပွဲကို  တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှုလက်မှု (၁) လမ်းရှိ အမှတ် (၃၀)  အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်ရှိ ပဒေသာရောင်းဝယ်ရေးသမဝါယမအသင်း ဥက္ကဌ ဦးကျော်မြင့် က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်း၏အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီရိမွန်က သမဝါယမဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဥ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး အမှုဆောင်သစ်ငါးဦးအား အတည်ပြုချက်ရယူခဲ့ သည်။ ယင်းနောက် အသင်းသား များအား အစုပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တာမွေမြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပဒေသာရောင်းဝယ်ရေး သမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်