မော်လမြိုင်ကျွန်း ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ သမဝါယမစနစ်ကို အခြေခံပြီးစုပေါင်း ဆောင်ရွက်သည့် စနစ်တကျစိုက်ပျိုးရေးကို အကောင်အထည်ဖော်ဆောင် ရွက်မည့် ဒေသခံတောင်သူများသို့မျိုးစေ့နှင့် သွင်းအားစု ပံ့ပိုးငွေပေးအပ်ပွဲ အခမ်းအနားကို မရဲအုန်းပင်စုကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာ စကား ပြောကြားရာတွင် စုပေါင်းလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးနှင့် တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များကို အထောက်အကူဖြစ်စေရေးအတွက် ပံ့ပိုးငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပံ့ပိုးငွေများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချပြီး အထွက်နှုန်းကောင်းမွန်ရေးနှင့် လယ်ယာလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေး ကြိုးပမ်းဆောင် ရွက်ကြရန် ပြောကြားခဲ့ပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်မေသူအောင်မှ စုပေါင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးစရိတ်သက်သာခြင်း၊ စျေးကွက်တွင် သင့်တော်သည့် စျေးနူန်းဖြင့် ရောင်းချနိူင်ခြင်းကြောင့် တောင်သူတစ်ဦးချင်းဝင်ငွေ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စုပေါင်းလယ်ယာဆောင်ရွက်သည့် တောင်သူများအား ပံ့ပိုးငွေစုစုပေါင်းကျပ် (၂၅၀.၂၁၅)သန်းပေးအပ်ခဲ့ပြီးနောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးမှူး၊မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စုပေါင်းလယ်ယာ ဆောင်ရွက်သည့် တောင်သူများ တက်ရောက်ကြကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်