မြစ်သား ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ မိုးစပါးစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရန်နှင့် အသင်းသားတောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားစေ ရန်ရည်ရွယ်၍ အသင်းသားတောင်သူ ၃၂ ဦး စိုက်ဧက ၁၀၀ အတွက် ၂၈ ဒသမ ၈၀၀ သန်းနှင့် ညီမျှသောသွင်းအားစုများ ပေးအပ်ထားသည့် မိုင်းလမ်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးမြင့်ဇော်၏ ကွင်းအမှတ် (၅၂၇)၊ ဦးပိုင်အမှတ် (၁၈/၆)ရှိ ၅ ဧကနှင့် အသင်းသားတောင်သူ ဦးအောင်ခင်၏ ကွင်းအမှတ်(၅၂၈)၊ ဦးပိုင်အမှတ် (၂၄/၁)ရှိ ၂ ဧကတို့တွင် မိုးစပါးဧရာပဒေသာမျိုး စိုက်ပျိုးနေမှုများကို တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက တောင်သူဦးကြီးများအား ခေတ်မီစိုက်ပျိုးနည်း စနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ပေးရန်လိုအပ်ကြောင်း၊ ရေရရှိရေးနှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိုးစပါးစိုက်အသင်းသားတောင်သူ များက သိရှိလိုသည်များမေးမြန်းခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်