Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


17 Aug,2026

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂ဝ၂၅-၂၀၂၆ပညာသင်နှစ် မိုးရာသီအားကစား (ပိုက်ကျော်ခြင်း၊ ဘောလီဘော) ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ (၁၄.၈.၂ဝ၂၆)၊ ညနေ(၅းဝဝ) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ၏ Cheerleader Group မှအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ပိုက်ကျော်ခြင်း အသင်းအား သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူး မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာ ပိုက်ကျော်ခြင်းအသင်းအား အသုံးချစာရင်းအင်းပညာဌာနမှ ပါမောက္ခ၊ ဌာနမှူးမှ လည်းကောင်း၊ တတိယဆုရရှိသည့် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ပိုက်ကျော်ခြင်းအသင်းအား သမဝါယမပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး မှ လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ဘောလီဘော အသင်းအား ပါမောက္ခချုပ်မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာ ဘောလီဘော အသင်းအား ဒုတိယပါမောက္ခချုပ်(စီမံ)မှ လည်းကောင်း၊ တတိယဆု ရရှိသည့် စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ အထူးပြုမေဂျာ ဘောလီဘော အသင်းအား ဒုတိယပါမောက္ခချုပ်(သင်ကြား)မှ လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ MPA 4th Batchမှ ပထမနှစ် သင်တန်းသား၊ သင်တန်းသူ ၄ဦး ကိုယ်စား ဒုတိယပါမောက္ခချုပ်(သင်ကြား)က လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာမှ အားကစားသမားများကို လည်းကောင်း၊ အသုံးချစာရင်းအင်းပညာဌာနမှူးက အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာမှ အားကစားသမားများကို လည်းကောင်း ဆုငွေများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြပြီး မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်