Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်ရှိ ရိုးကန် - ကန်သာလမ်း ကတ္တရာလမ်းချဲ့ခြင်းဆောင်ရွက်


17 Aug,2026

မိတ္ထီလာ ဩဂုတ် ၁၆

            မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ မန္တလေးလမ်းမှ ရိုးကန်-ကန်သာလမ်း ကတ္တရာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းဝင်း၊ မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)တို့က၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၃၁၄ ဒသမ ၅၈၀ ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မန္တလေးလမ်းမှ ရိုးကန်-ကန်သာလမ်း အကျယ် ၀ ဒသမ ၈၆ ကီလိုမီတာရှိ ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်