မြောက်ဥက္ကလာပ ဩဂုတ် ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည့်စုံရောင်း၀ယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်နေ့ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲကို မြို့နယ်သမဝါယမအသင်းစုရုံး၌ ပြုလုပ်သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာမွန်က အသင်း များအနေဖြင့် သမဝါယမအသင်းဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြောက်ရာတွင် လိုက်နာ ရမည့် စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်၊ ၀န်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း များကို အသင်းသူ ဒေါ်၀င်းနွယ်ဖြိုးက ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက် များ ရယူကာ အမှုဆောင်ရွေးချယ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အသင်းသား ၂၂ ဦး တက်ရောက်ခဲ့ပြီး အစုပေါ်အမြတ်နှင့် အသင်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်