မန္တလေး ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် သမဝါယမအသင်းစု သဘာပတိ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာစကားပြောကြားပြီး ချမ်းမြသာစည်မြို့နယ်၊ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က လမ်းညွှန်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အချိုးငွေခွဲဝေမှုစာရင်းများအား အုပ်ချုပ်မှုဒါရိုက်တာက ဖတ်ကြားတင်ပြပြီး ဒါရိုက်တာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များအား အသင်းစာရင်းစစ်က ဖတ်ကြားတင်ပြသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းစု သဘာပတိက တက်ရောက်လာသည့် အသင်းဝင်များထံ အတည်ပြုချက်ရယူပြီး အသင်းဝင်များက နားမလည်သည် များ မေးမြန်းခဲ့ရာ သဘာပတိက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အမှုဆောင်ကော်မတီ နုတ်ထွက်ကြောင်းကို အမှုဆောင်ကော်မတီကိုယ်စား သဘာပတိက ကြေငြာသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ သဘာပတိ ဒေါ်ဖြူသဲနွယ်က အဖွင့်အမှာစကားပြောကြားပြီး အသင်း၏ဒါရိုက်တာအဖွဲ့ရွေးချယ်ရန် အသင်းဝင် ၁၃ ဦးအား ရွေးချယ်ပြီး အသင်းဝင်နှစ်ဦးက အဆိုပြုတင်သွင်းထောက်ခံမှုအား သဘာပတိက အတည်ပြုကြောင်း ကြေငြာသည်။
ထို့နောက် ရွေးချယ်ခြင်းခံရသော အမှုဆောင်သစ်၊ အသင်းစာရင်းစစ်များအား သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူကြပြီး ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ် များအား တာဝန်ခွဲဝေသတ်မှတ်သည်။ ယင်းနောက် ရွေးချယ်ခြင်းခံရသော အမှုဆောင်ဥက္ကဋ္ဌအသစ်က မိတ်ဆက်စကား ပြောကြားပြီး အသင်းစု သဘာပတိက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အလင်းသစ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်