မြိတ် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အဆိုပါအသင်းစုခန်းမတွင် ကျင်းပသည်။
မြိတ်မြို့နယ်သမဝါယမအသင်းစုလီမိတက်သည် အခြေခံသမဝါယမအသင်းများ ဆက်လက် တိုးတက်စေရန်အတွက် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အသင်းစု၏ စီးပွားရေး လုပ်ငန်းအနေဖြင့် အသင်းစုပင်မလုပ်ငန်း (အဆောက်အဦငှားရမ်းလုပ်ငန်း၊ ကုန်ပဒေသာဆိုင် လုပ်ငန်း၊ Microfinance ချေးငွေလုပ်ငန်း)၊ တည်းခိုခန်းလုပ်ငန်း၊ အသေးစားအရင်းအနှီးချေးငွေ လုပ်ငန်း၊ ဆံသဝန်ဆောင်မှုလုပ်ငန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်)လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
နှစ်ပတ်လည်အစည်းအဝေး၌ သဘာပတိ မြိတ်မြို့နယ်သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးလှကြည်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးတို့က အမှာစကားပြောကြားကြသည်။
အစည်းအဝေးတွင် အသင်းစု၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် စာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်ကြားကြ၍ အစီရင်ခံစာများကို အသင်းဝင်ကိုယ်စားလှယ်များမှ အသင်းစု၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြရာ ဒါရိုက်တာအဖွဲ့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် အမှုဆောင်ဒါရိုက်တာ အဖွဲ့သစ် ရွေးချယ်တင်မြောက်ခြင်းကို ဆောင်ရွက်ကြသည်။
မြိတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်သည် (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်အထိ အသင်းစု၏ လုပ်ငန်းဆောင်ရွက်မှု သက်တမ်းကာလမှာ(၁၆)နှစ်ရှိခဲ့ပြီဖြစ်ပြီး အောင်မြင်တိုးတက် လျက်ရှိသည့် သမဝါယမအသင်းတစ်သင်းဖြစ်၍ အသင်းစုတွင် အခြေခံသမဝါယမ အသင်း(၆၉)သင်း ရှိကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )
တနင်္သာရီတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်