Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎ငဖဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအုတ်ဘလောက်ရိုက်နည်း သင်တန်းဆင်းပွဲကျင်းပ


20 Aug,2026

‎ငဖဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအုတ်ဘလောက်ရိုက်နည်း သင်တန်းဆင်းပွဲကျင်းပ 

‎ငဖဲ  ဩဂုတ် ၂၀ 
‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရုံးခန်းမတွင် ကျင်းပသည်။ 
‎ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးရဲမှူးသန်းဇော်က  သင်တန်းသား /သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း မှ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ စာတွေ့လက်တွေ့လေ့လာမှတ်သားသင်ယူခဲ့ကြပြီး မိသားစုတစ်ပိုင်တစ်နိုင်မှသည် ဝင်ငွေတိုးပွားစေရေးအတွက် စီးပွားဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်ကြရန် သင်တန်းဆင်းအမှာစကားပြောကြားသည်။  
‎ဆက်လက်၍ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ငုဝါရွှေ က သင်တန်း ပြီးဆုံးသည်အထိမပျက်မကွက်တက်ရောက်သင်ကြားကြသော သင်တန်းသား/သူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေး အုတ်လုပ်ငန်းရှင်တစ်ဦးဖြစ်အောင်ကြိုးစား လုပ်ကိုင်ဆောင်ရွက်ကြရန်  ဆွေးနွေးပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ 
‎ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကျော်စိုး နှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်  သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို သင်တန်းသား/သူများအား ပေးအပ်သည်။ 
‎အဆိုပါသင်တန်းကို  ကျေးရွာအုပ်စုများမှ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး ကျွမ်းကျင်သူ နည်းပြဆရာက အုတ်ဘလောက်ရိုက်နည်းသင်ခန်းစာများကို ဩဂုတ် ၅ ရက်မှ ၁၉ ရက်နေ့ထိ ရက်သတ္တ နှစ်ပတ်ကြာစာတွေ့၊ လက်တွေ့အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်