Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး ရမည်းသင်းမြို့နယ် မိုးဝါစိုက် တောင်သူများ၊ သမဝါယမအသင်းသားများနှင့် တွေ့ဆုံဆွေးနွေး


17 Aug,2026

နေပြည်တော် ဩဂုတ် ၁၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာ သို့သွားရောက်၍ မိုးဝါစိုက်တောင်သူများ၊ ရွှေစင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ရမည်းသင်းမြို့နယ်အတွင်း မိုးဝါ စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝါ ၁ ဧကလျှင် ငွေကျပ် ၃ သိန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ ထောက်ပံ့မှု၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမှုနှင့် သမဝါယမအသင်းအဖွဲ့စနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ရလာဒ်များ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှောအသုံးပြု၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းစိုက်ပျိုးကြရန် တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မိုးဝါစိုက်တောင်သူများနှင့် သမဝါယမ အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေစင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်း၏ မိုးဝါဧက (၂၀၀) စိုက်ခင်းနှင့် အသင်းသားတောင်သူ ဦးကျော်ဝင်းစိန်၏ ရက်ကာ ၆ သုံးလုံး ကေတီကေ (RAKA-666-KTK) ဝါမျိုး (၅) ဧကစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

          အလားတူ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ဘွက်ကျေးရွာသို့ သွားရောက်၍ မိုးဝါ စိုက်တောင်သူများ၊ ရွှေပွင့်လန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်း သားတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆွေးနွေးမှာကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝါစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေပွင့်လန်း စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်း၏ မိုးဝါ (၄၅) ဧက စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ငွေလှမြိုင် ဝါကြိတ်စက်သို့သွားရောက်၍ ရမည်းသင်း မြို့နယ်အတွင်းရှိ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ သမဝါယမအစု အဖွဲ့စနစ်ဖြင့် ဝါစိုက်ပျိုးမှု၊ ဝယ်ယူကြိတ်ခွဲမှု၊ ဝါစေ့ဆီထုတ်လုပ်မှု၊ ဈေးကွက်ချိတ်ဆက်၍ ပြည်တွင်း ပြည်ပတင်ပို့ရောင်းချမှုဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ငွေလှမြိုင် စက်ရုံအတွင်း ဝါကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်