Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ကျေးလက်လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


17 Aug,2026

နေပြည်တော် ဩဂုတ် ၁၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ဆင်သေချောင်းကူး ရွှေမြို့အဝင်တံတား ပေ (၉၅၀)၊ ပုဗ္ဗသီရိမြို့နယ် ဆင်သေ ချောင်းကူး  (ဝဲကြီးကျေးရွာနှင့် ဝန်ပြန်ကျေးရွာ) တံတား ပေ (၉၀၀)၊ ဇေယျာသီရိမြို့နယ် ဇီးကုန်း-လေသာတံတား မြေကာနံရံ ပေ (၂၂၀) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျည်တောင်-သာယာဝှမ်း ရွှေပေါင်းလောင်းတံတား ပေ (၅၅၀) တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ ပြည်သူများ ဆောလျင်စွာ အကျိုးရှိရှိ အသုံးပြုနိုင်ရေး မှာကြားခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်