Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့၌ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာနှင့် ဆုချီးမြှင့်ခြင်း၊ အမှုဆောင်ရွေးချယ်ပွဲ ကျင်းပ


18 Aug,2026

တပ်ကုန်း ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပညာရေးငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဆုချီးမြှင့်ခြင်း၊ အမှုဆောင်ရွေးချယ်ပွဲကို မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ ပညာရေးငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ပညာရေး(ငြိမ်း) ဆရာကြီး ဦးခင်မောင်လွင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပညာရေးငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ပညာရေးငွေစုငွေချေးသမဝါယမအသင်း အမှုဆောင် အဖွဲ့ဝင်တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ချုပ်စစ်ဆေးချက်၊ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ တင်ပြ ခဲ့ပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် အသင်းသား၊ အသင်းသူများ၏ သား၊သမီးများအား ဂုဏ်ပြုလွှာနှင့်ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး၊ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင် များ ရွေးချယ်တင်မြောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်