Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၈) ကြိမ်မြောက် အာဆီယံ-တရုတ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ Video Conferencing စနစ်ဖြင့်တက်ရောက်


20 Aug,2026

(၁၈) ကြိမ်မြောက် အာဆီယံ-တရုတ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ Video Conferencing စနစ်ဖြင့်တက်ရောက်


နေပြည်တော် ဩဂုတ် ၂၀


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျှော့ချရေးဗဟိုဌာန (IPRCC) မှ ကြီးမှူးကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့ အကြုံများ မျှဝေဖလှယ်ခြင်းတို့ ပိုမိုခိုင်မာအားကောင်းစေရန်နှင့် အာဆီယံ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ် အစီအစဉ် (၂၀၂၆-၂၀၃၀)ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ (၁၈) ကြိမ်မြောက် အာဆီယံ-တရုတ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးကို  ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးကို “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ပြန်လည် ထူထောင်ရေး - ဆင်းရဲနွမ်းပါးမှုကင်းစင်သည့် လူမှုအသိုက်အဝန်းတည်ဆောက်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စား လှယ်များနှင့် မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ 
အခမ်းအနားဖွင့်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wu Changxue ၊ အာဆီယံလူမှုအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ  ဒုတိယအတွင်းရေး မှူးချုပ် H.E. Nararya S. Soeprapto ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ ရေးရာဌာနမှ အကြံပေးပုဂ္ဂိုလ် Mr. Wang Xiaolong ၊ UNDP China မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် Mr. Zhang Weidong နှင့် ဖိလစ်ပိုင်နိုင်ငံ၊ အမျိုးသားဆင်းရဲ နွမ်းပါးမှုပပျောက်ရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Mary Rose C. Villaflor တို့က အသီးအသီးအဖွင့် အမှာစကား ပြောကြားကြပါသည်။ 
ထို့နောက် အစည်းအဝေးကို Plenary Session (၃) ခုဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် Plenary Session II: Empowering Rural Women and Youth ကဏ္ဍတွင် ပါဝင်ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်