Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်ရေးဟောပြောပွဲကျင်းပ


20 Aug,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်ရေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ဟောပြောပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘွဲ့ရပြီးတဲ့အခါ လုပ်ငန်းခွင်ဝင်ဖို့ စနစ်တကျကြိုတင်ပြင်ဆင်ပြီး အဆင်သင့်ဖြစ်လာစေရန် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာသင်ခန်းထဲက Academic Knowledge သာမက လက်တွေ့ဘဝနှင့် လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့် Competencies တွေရရှိရေးကို အလေးထားပြီးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဒါဟာမိမိတို့တက္ကသိုလ်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ Road Map နဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ မိမိတို့တက္ကသိုလ်ကို Job Oriented University အဖြစ် အရင်ဆုံး ခိုင်ခိုင်မာမာ တည်ဆောက်ပြီး၊ တစ်ချိန်တည်းမှာပင် တက္ကသိုလ်စဖြစ်သည့် ၂၀၁၂ ခုနှစ်၊ ကတည်းက လေ့ကျင့်ပျိုးထောင်ခဲ့သည့် Research Culture နှင့်အတူ Research-Oriented University ဖြစ်လာစေရေးကို အလေးထားအကောင်အထည်ဖော်ဆောင်ပြီး အဆိုပါနှစ်ခုစလုံးကို Quality နှင့် ချိတ်ဆက်၍ Quality-Oriented University အဖြစ်ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒါ့ကြောင့်မိမိတို့ တက္ကသိုလ်၏ အနာဂတ်သည် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်နဲ့ ခွဲခြား၍မရပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်တဲ့ Graduate တွေ၊ ဆန်းသစ်တီထွင်မှုကို ရှာဖွေဖန်တီးနိုင်သော Innovative Researcher  တွေ၊ ဒါ့အပြင် မိမိ လုပ်ငန်းခွင်၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံတော်အတွက် အရည်အသွေးရှိတဲ့  Professional Human Resource တွေ ဖြစ်လာအောင် ကြိုတင်ပြင်ဆင်ပေးခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီနေ့ Pre-Job Readiness Skills ဟောပြောပွဲဟာ သာမန် Carrier Talk တစ်ခုမဟုတ်ဘဲ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ Job Oriented University ဖြစ်အောင် ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်အနေဖြင့် Degree Holders တွေ မွေးထုတ်ပေးရုံသာမက Competent, Responsible and Adaptable Graduates တွေဖြစ်လာအောင် ပြင်ဆင်ပေးရန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့၏ အထူးပြု ဘာသာရပ် ၅ ခုကနေရတဲ့ Knowledge တွေကို လက်တွေ့ဘဝနဲ့ချိတ်ဆက်အသုံးချပြီး Career Path ကို ကိုယ်တိုင်ဖော်ဆောင်နိုင်ကြပါစေကြောင်း” တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ MyJobs Myanmar Group ၏ ဥက္ကဋ္ဌ ဒေါ်မြသန္တာဦးက လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဒေါ်မြသန္တာဦးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါမောက္ခချုပ်က MyJobs Myanmar Group ၏ ဥက္ကဋ္ဌ ဒေါ်မြသန္တာဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး သင်တန်းနှစ်အလိုက် အတန်းကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်