Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာကျေးရွာ ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ


21 Aug,2026

တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာကျေးရွာ ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
      

တောင်တွင်းကြီး၊ဩဂုတ်လ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်သမဝါယမ ဦးစီးဌာန ၊ကျေးလက်လမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လေထုညစ်ညမ်းမှုကာကွယ်ခြင်း ဖြင့် ကျန်းမာရေးကောင်းမွန်သောပတ်ဝန်းကျင်ဖန်တီးနိုင်စေရန်ရည်ရွယ်၍ ဝါးခြမ်းကာကျေးရွာအုပ်စု၊ဝါးခြမ်းကာကျေးရွာ၌ နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေနှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
       ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက လေထုညစ်ညမ်းမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့်ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်ရည်ရွယ် ၍ ယခုလိုဟောပြောပွဲပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
        ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။
        ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ၊ကျေးလက်လမ်းဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ် ရေးဆိုင်ရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။   
         အဆိုပါ ဟောပြောပွဲသို့ ဝါးခြမ်းကာကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ကျေးရွာသားများတက်ရောက်ခဲ့ကြကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်