Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဘေးကယ်ဆယ်ရေးယာဉ်များ သွားလာမှုအဆင်ပြေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


20 Aug,2026

အင်္ဂပူ ဩဂုတ် ၁၇

   လေးမျက်နှာမြို့နယ်သို့ ရေဘေးကယ်ဆယ်ရေးယာဉ်များ အဓိကသွားလာနေသည့် အင်္ဂပူမြို့နယ် ပဆင - ဒေါင့်ကြီး - ဘောဇကိုင်းလမ်းနှင့် လေးမျက်နှာမြို့နယ် ခတ္တူ - ဘိသလွန် – ကရင်တော - ကတက်ကုန်း - ရွာသာကုန်းလမ်းများအား ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

   အင်္ဂပူမြို့နယ် ပဆင - ဒေါင့်ကြီး − ဘောဇကိုင်းလမ်းနှင့် လေးမျက်နှာမြို့နယ် ခတ္တူ - ဘိသလွန် – ကရင်တော - ကတက်ကုန်း - ရွာသာကုန်းလမ်းတို့ကို ရေဘေးကယ်ဆယ်ရေးယာဉ်များ သွားလာမှုအဆင်ပြေရေးအတွက် လမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူနှင့် ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းတို့က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်