ကျောက်ဆည် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်လွဲပိုင်းက ကျောက်ဆည် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေးလမ်းနှင့် မုန့်ပေါင်း-သပြေကုန်း-တောတွင် ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု ကြသည်။
လမ်းညွှန်မှာကြား
ဦးစွာ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းများခင်းရာ၌ အရည်အသွေးမီစေရန်နှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားသည်။ အဆိုပါ ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ လေးရွာမှ ပြည်သူ ၄၀၀၀ ခန့်တို့ လွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်