Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ RBF စီမံကိန်းမိတ်ဆက်ရှင်လင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း


24 Aug,2026

‎မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ RBF စီမံကိန်းမိတ်ဆက်ရှင်လင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

‎************************************************************************

‎မြိတ်         ဩဂုတ်       ၂၄

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စန္ဒဝတ်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း မိတ်ဆက်ရှင်လင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘု‌န်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ မြိတ်မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက စီမံကိန်းလက်စွဲစာစောင်ပါ ကျေးရွာအဆင့် စီမံကိန်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရန်အချက်များကို ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာသူ ကျေးရွာသားများ၏ အများသဘောဆန္ဒအရ RBF စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၅ ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း၊ RBF စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်