ကျောက်ဆည် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ဆည် - တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသော ညောင်ရွှေ - ကြက်လျှာ ကျေးရွာချင်းဆက်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့က ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၁၉ ဒသမ ၅၁သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူ၍ ဇွန် ၁၇ ရက်မှ စတင်ကာ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်