ပြင်ဦးလွင် ဩဂုတ် ၂၄
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ Myanmar Nature Tact Company က တင်ဒါအောင်မြင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖိုလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်ဦးစီးမှူးနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆင်လမ်း- ဆင်ဖြူအင်း-အုတ်ဖိုလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်