Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ်၌ အင်းဝ-နန်းတွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်


25 Aug,2026

တံတားဦး ဩဂုတ် ၂၄

        မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အင်းဝ-နန်းတွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းက ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး၊ လုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာဆောင်ရွက်ရေး၊ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ အဆိုပါလမ်း ဆောင်ရွက်ပြီးပါက ကျေးရွာပေါင်း ကိုးရွာ ပြည်သူ သုံးထောင်ကျော်ခန့် ရာသီမရွေး အဆင်ပြေလွယ်ကူ ချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်