Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


25 Aug,2026

လယ်ဝေး ဩဂုတ် ၂၄

                ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၂ ရက်က မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

           ဦးစွာ ဒုတိယညွှန်ကြားမှူးချုပ်သည် လယ်ဝေးမြို့နယ် ကန်သာ- ကျသောင်းတောင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ( ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကန်သာ-ကျသောင်းတောင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျောက်မဆင်ချောင်းကူးတံတား ပေ ၄၀၀ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

မြို့နယ်(ပြန်/ဆက်)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်