မောက်မယ် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ လွယ်ကူစေရန် ရည်ရွယ်၍ စန့်ဝင်ကျေးရွာအုပ်စုနှင့် စန့်ဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လင်းခေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေဝင်းနှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများသည် စန့်ဝင်ကျေးရွာအုပ်စုအတွင်းရှိ မောက်မယ် - ရွာသစ် ကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ စန့်ဆိုင်ကျေးရွာအုပ်စု အတွင်းရှိ မောက်မယ်-နားသဲ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်(မူလ)ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၂ ဒသမ ၂၆၅ သန်းဖြင့် မောက်မယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကွင်းဆင်းကြီးကြပ်မှုနှင့် နည်းပညာကူညီပံ့ပိုးမှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်