Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးဆောင်ရွက်


25 Aug,2026

ဒိုက်ဦး ဩဂုတ် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်တွင် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် စီမံကိန်း ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဦးစီးမှူးက စနစ်ကျ လယ်ယာမြေ ဖော်ဆောင်ပြီးသော တစ်ဆက်တစ်စပ်တည်း ဧက ၁၀၀ ရှိသည့် သပြေတောကျေးရွာရှိ အောင်သပြေ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ကျွေးခင်တန်းကျေးရွာရှိ ‌ရွှေခင်တန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ များအား ၎င်းတို့ကျေးရွာများရှိ ဓမ္မာရုံများတွင် တွေ့ဆုံပြီး  သမဝါယမစနစ်ကို အခြေခံ၍ တောင်သူများ သီးနှံများ စုပေါင်းဝယ်ယူ၊ စုပေါင်းရောင်းချသည့်အတွက် ကုန်ကျစရိတ် သက်သာမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်