Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများအား မျိုးစေ့နှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ


25 Aug,2026

အမရပူရ ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုလီမိတက်တို့ ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် သမဝါယမအသင်းသားတောင်သူများကို မျိုးစေ့နှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို သာလှကျေးရွာနှင့် ဘောဘုံကျေးရွာတို့၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်လေးက စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်နေသော သမဝါယမအသင်းသားများအား မိုးစပါးစီမံကိန်းအတွက် အရင်းမပျောက် မတည်ငွေဖြင့် သွင်းအားစုများအား ပံ့ပိုးမည့်အစီအစဉ်များနှင့် စနစ်တကျ စိုက်ပျိုးနိုင်ရန် လိုအပ်သည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သာလှအေးကျေးရွာ၊ သာလှအေးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အသင်းသားတောင်သူ ၁၃ ဦး၏ စိုက်ပျိုးဧက ၅၀ နှင့်ဘောဘုံကျေးရွာ၊ အောင်မြင့်မြတ်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အသင်းသား တောင်သူ ၁၃ ဦး၏ စိုက်ပျိုးဧက ၅၀ အတွက် သမဝါယမကဏ္ဍမှ တိုင်းဒေသကြီးထောက်ပံ့ငွေ အရင်းမပျောက်မတည်ငွေဖြင့် ဧရာမင်းမိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် တစ်ဧကလျှင် ကျပ်၂၅၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းဧက ၁၀၀ အတွက် သွင်းအားစုပံ့ပိုးငွေကျပ် ၂၅,၀၀၀,၀၀၀ ကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များက အဆိုပါကျေးရွာများသို့သွားရောက်၍ မျိုးစေ့နှင့် သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။

လဲ့လဲ့ခိုင်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်