Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကျင်းပ


24 Aug,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို (၂၁-၈-၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ယင်းအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံ၊ သင်တန်း၊ သု/ဖွံ့ဌာနများမှ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)၊ အတန်းတာဝန်ခံ ဆရာ၊ ဆရာမများ၊ အားကစားနည်းပြများ၊ တက္ကသိုလ် အားကစားသမား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားဆိုသည်မှာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက်သာမက စည်းကမ်းရှိမှု၊ ဇွဲလုံ့လ၊ သည်းခံနိုင်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီမှုနှင့် အောင်မြင်မှုအတွက် မဆုတ်မနစ်ကြိုးပမ်းနိုင်စွမ်းတို့ကို တည်ဆောက်ပေးသည့် အရေးကြီးသော နယ်ပယ်တစ်ရပ် ဖြစ်ကြောင်း၊ ပြိုင်ပွဲတစ်ခုတွင် အောင်မြင်မှုရရှိရန် ဆုတံဆိပ်တစ်ခုတည်းက အရေးကြီးသည် မဟုတ်ဘဲ နေ့စဉ်လေ့ကျင့်မှု၊ အချိန်ပေးမှု၊ စည်းကမ်းလိုက်နာမှု၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုနှင့် အခက်အခဲများကို ကျော်လွှားနိုင်သည့် စိတ်ဓာတ်တို့က အောင်မြင်မှု၏ အခြေခံအုတ်မြစ်များ ဖြစ်ကြောင်း၊ အားကစားသမားများသည် ပြိုင်ပွဲအတွင်းတွင် သာမက ပြိုင်ပွဲပြင်ပ တွင်လည်း အားကစားသမားကောင်းတစ်ဦး၏ စံနမူနာ ဖြစ်စေရန် စည်းကမ်း၊ ယဉ်ကျေးမှု၊ အားကစားစိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်မှုတို့ကို ထိန်းသိမ်းကြ စေလိုကြောင်း၊ အားကစားထူးချွန်မှုနှင့်အတူ ပညာရေးတွင်လည်း ထူးချွန်သော လူငယ်များ ဖြစ်လာမှသာ မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးနှင့် အနာဂတ်ဘဝအတွက် ပိုမိုပြည့်စုံမည် ဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု၊ အားကစားစွမ်းရည်နှင့် အသင်းအဖွဲ့စိတ်ဓာတ် တိုးတက်စေရန် အားကစား လှုပ်ရှားမှုများကို ဆက်လက်မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း၊ ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အားကစားတွင်သာမက ဘက်စုံကျွမ်းကျင်ပြီး အဆင့်မြင့်ပညာများကို ကြိုးစားသင်ယူပြီး အနာဂါတ်တွင် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူတော်၊ လူကောင်းများ ဖြစ်စေလိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲမှတဆင့် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှုနှင့် အားကစားစိတ်ဓာတ်များ ပိုမိုခိုင်မာလာပြီး၊ ပြိုင်ပွဲတွင် အောင်မြင်မှုနှင့်အတူ တက္ကသိုလ်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ကြသည့်သူများ ဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါမောက္ခချုပ်မှ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားကို (၁၀:၂၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်