ကျိုက်ထို ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် ပြည့်အားမာန်မွေးထွေသမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ဩဂုတ်လ ၂၀ ရက်က မြို့နယ်သမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည့်အားမာန်မွေး/ထွေသမဝါယမအသင်းဥက္ကဋ္ဌ (သဘာပတိ) ဦးအောင်သန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးတို့မှ အမှာစကားပြောကြားပြီး အသင်း၏ရည်ရွယ်ချက်များကိုလည်း ပြောကြားခဲ့သည်။
ထို့နောက် ပြည့်အားမာန်မွေး/ထွေသမအသင်းလီမိတက်အသင်း၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့ အစီရင်ခံစာများအား ဒေါ်အိနှင်းဖြူက ဖတ်ကြားတင်ပြခဲ့ပြီး သဘာပတိ ဦးအောင်သန်းက တက်ရောက်လာသော အသင်းသားများကို အစုပေါ်အမြတ်ငွေ ၁၃၂၁၅၁၅ ကျပ် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်