နေပြည်တော် ဩဂုတ် ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် နတ်သူရဲကျေးရွာအုပ်စုရှိ နတ်သူရဲကျေးရွာ၊ ကြံဘိုကျေးရွာ၊ ပန်းပဲစုကျေးရွာနှင့် တာတိုင်ကုန်းကျေးရွာတို့မှ သမဝါယမအသင်းသား တောင်သူများနှင့် ဩဂုတ် ၁၄ ရက်က ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးက တောင်သူများ၊ သမဝါယမအသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးချင်း တစ်ယောက်ချင်း စိုက်ပျိုးဆောင်ရွက်ခြင်းမဟုတ်ဘဲ တစ်ဆက်တစ်စပ်တည်းရှိ လယ်ယာမြေများကို သမဝါယမစနစ်ဖြစ်သော စုပေါင်းဆောင်ရွက်သည့် စနစ်တကျ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခြင်း၊ စုပေါင်းရိတ်သိမ်းရောင်းချခြင်းများသည် တောင်သူများအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း ရှင်းလင်းဆွေးနွေးရာ အဆိုပါတွေ့ဆုံပွဲသို့ တောင်သူများနှင့် သမဝါယမအသင်းသား တောင်သူ ၁၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်